Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Wednesday, June 25, 2014

Desktop ပေါ်မှာ Shutdown၊ Restart Icon အလွယ်ထားမယ်။

လွယ်လွယ်ကူကူ သုံးချင်တဲ့လူတွေ အတွက်တော့ အရမ်းအသုံးဝင်ပါတယ်။ ဘာမှလည်း သိပ်မခက်ပါဘူး။ စလိုက်ရအောင်..........
၁။ အရင်ဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး New ထဲက Shortcut ကိုရွေးပါမယ်။ပြီးရင် Box တစ်ခုတက် လာပါမယ်။

၂။ ပေါ်လာတဲ့ Box ပေါ်မှာ ကျွန်တော်အောက်မှာ ပေးထားတဲ့ နာမည်လေးတွေကို ရိုက်ထည့်ပေးပါ။
     
Shutdown ချချင်ရင်    - Shutdown.exe -s -t 00
Restart ချချင်ရင်         - Shutdown.exe -r -t 00
Lock Workstation    - Rundll32.exe User32.dll,LockWorkStation
Hibernate Computer- rundll32.exe PowrProf.dll,SetSuspendState
Sleep Computer        - rundll32.exe powrprof.dll,SetSuspendState 0,1,0

အပေါ်ကပေးထားတဲ့ နာမည်လေးတွေကို ကျွန်တော်လက်နဲ့ ပြထားတဲ့နေရာမှာ ရေးပေးလိုက်ပါ။ ပြီးရင် Next ပါ။

၃။  ပြီးရင် နာမည်နေရာမှာ ကိုယ်က Shutdown ချင်ရင် Shutdown ပေးထားလိုက်ပါ။ ပြီးရင် Finish ပေးလိုက်ပါ။
  ဒါဆို Desktop ပေါ်မှာ Shutdown Icon လေးရောက်နေပြီဖြစ်သည်။ အဲ Icon ကိုနှစ်ချက် နှိပ်ပြီး   Shutdown နိုင်ပါသည်။ Desktop ပေါ်က Shutdown Icon ကိုမကြိုက်ရင် အောက်ကအတိုင်း ပြောင်းပေးလိုက်ပါ။ အရင်ဆုံး Shutdown Icon ကို Right Click ပါ။ ပြီးရင်အောက်ကပုံတွေအတိုင်း လုပ်လိုက်ပါ။
ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် Ok ပဲပေးလိုက်ပါ။
 အဲမှာ ကိုယ်ကြိုက်တဲ့ပုံရွေးပေးလိုက်ပါ။ ကိုယ့်မှာ icon တွေထပ်ရှိသေးရင် Browse ကနေ ၀င်ပြီးရွေးလို့ရပါတယ်။ပြီးရင်တော့ အောက်ကအတိုင်း Icon လှလှလေးရသွားမှာပါ။
 အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ .....

No comments:

Post a Comment