Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks
Showing posts with label Computer T-S. Show all posts
Showing posts with label Computer T-S. Show all posts

Wednesday, September 30, 2015

ကွန်ပျူတာ နှေးကွေးပါက မြန်ဆန်လာအောင်




၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ

်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။

ကွန်ပျူတာ

ကွန်ပျူတာ တစ်လုံး မှာ စက်ပိုင်းဆိုင်ရာ (Hardware) နဲ. ညွှန်ကြားပိုင်းဆိုင်ရာ (Software) ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။
hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ.ကိုင်တွယ်လို.ရတဲ. ပစ္စည်းတွေဖြစ်ပါတယ်။

စက်ပိုင်းဆိုင်ရာ (Hardware) များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု (၄) စု ခွဲနိုင်သည်။

Advanced Uninstaller PRO:

ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ အသုံးပြုသူတိုင်း သိပြီးသားဖြစ်မှာပါ.. မိမိ ကွန်ပျူတာမှာ မလိုအပ်တဲ့ ဆော့ဝဲ တွေ ကို Unstall လုပ်ပေးတဲ့ ဆော့ဝဲလေးပါ ကျနော် အရင်က တင်ပေးဖူးပါတယ်..အခု version အသစ်လေး ထွက်လာလို့  ပြန်တင်ပေးလိုက်ပါတယ်... ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲ လေးပေါ့ဗျာ..

AVG Internet Security 2015 15.0.5576 + Serial

သူငယ်ချင်းတို့နဲ့ မိတ်ဆက်ပေးချင်တာကတော့ AVGဆိုတဲ့ ဗိုင်းရပ်စ် ရှာဖွေရှင်းလင်းပေးတဲ့ အကောင်လေးနဲ့မိတ်ဆက်ပေးပါရစေ သူကတော့တော်တော်ကိုကောင်းပြီး ကီးဖိုင်ကိုပါထည့်ပေးထားတဲ့အတွက် တော်တော်လေးအဆင်ပြေပါတယ် ကီးသက်တမ်းကလည်းးမနည်းဘူး ဒါကြောင့်ငယ်ချင်းတို့ကွန်ပျူ တာမှာဗိုင်းရပ်တွေကို ကာကွယ်ဖို့ ဒီကောင်လေးကိုအသုံးပြု ကြဖို့ တိုက်တွန်းလိုပါသည် ကျွန်တော်လည်းအခုသုံးနေပါတယ် သုံးရတာတော်တော်လေးအဆင်ပြေပါတယ် လိုအပ်ရင်အောက်မှာဒေါင်းယူပါ
                                               

                     
                                  DOWNLOAD ဒီနေရာမှာယူပါ

ကော်ပီကူးရင်မြန်စေတဲ့

                    
သင့်ကွန်ပျူ တာကို ကော်ပီကူးရင် မြန်မြန်ဆန်ဆန်လေးပြီးစေချင်တာ လူ့သဘာဝပါ. အဲလိုမြန်မြန်ဆန်ဆန်လေးကူးစေချင်ရင်တော့ ဒီTeracopy လေးကို သင့်ရဲ့ကွန်ပျူ တာထဲမှာ သွင်းထားလိုက်ပါ။ ထူးထူးဆန်းဆန်း ပိုပြီးမြန်လာတာကိုတွေ့ရပါလိမ့်မယ် ။ လိုချင်တဲ့သူများ အောက်မှာဒေါင်းယူပါ။
                   
                                    ဒီနေရာမှာဒေါင်းပါ

Virus အမျိုးအစားခွဲခြားခြင်း

၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

Hacker တစ်ယောက် ဘယ်လိုဖြစ်လာသလဲ

Networking ဆိုင်ရာ ဝိဇ္ဇာများ၏ အစမ်းသဘောကာလများမှ ARPA-net ရဲ့ သမိုင်းနောက်ကြောင်း ကို ပြန်ကြည့်ရင် ဆယ်စုနှစ်အချို့ကျော်လွန်လာခဲ့ပြီး ကျွမ်းကျင်တဲ့ Programmers များရဲ့ ပညာရပ်များမျှဝေပေးတဲ့ ဓလေ့တစ်ခုအဖြင့်နဲ့ အစည်းထား အသိုင်းဝိုင်း တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲစည်းကို ဖွင့်ဖြိုးအောင် ပျိုးထောင်းပေးခဲကြသူများကတော့ Hackers များဘဲဖြစ်ပါတယ်။ ကွန်ပျူတာများ နှင့် ဖုန်းများ၏ စနစ်များကို ဖျက်စည်းဝင်ရောက်လာနိုင်တာတွေဟာ ဟက်ကာတို့ရဲ့ လူသိများလာပြီး အောင်မြင်ဖွင့်ဖြိုးမှုများဘဲဖြစ်ပါတယ် ဒါပေမဲ့သူတို့ရဲ့ အစဉ်လာတွေဟာ ပိုမိုရှပ်ထွေးပြီး လူအတော်များများသိထားတာတွေထက်ကို လူတပ်ကြီးလုပ်ထားတာတွေဟာပိုမိုများပျားလာပါတယ်။ ခက်ခဲနက်နဲပြီး ရှပ်ထွေးလှတဲ့ ကမ္ဘာ့ Hacking နည်းပညာတွေကို သင့်ရဲ့နည်း သင့်ဟန်နဲ့ သင်ဝင်ရောက် Crack နိုင်ဖို့အတွက် သင်ယူရမှာတွေကို ဆက်လက်ဖတ်ရှုလေ့လာရန် အပိုင်းသုံးပိုင်း ရှိနေတာကို ဆက်ဖတ်ပါ။

Windows Password Remover 7.01

( Window Login Password , Admin Password တွေမေ့သွားရင် ဒီဆော့ဝဲလ်လေးနဲ့ Reset လုပ်ပြီး ကျော် လွှားနိုင်မဲ့ ဆော့ဝဲလ်)
မိမိတို့ ကွန်ပျူတာ ကို လုံခြုံရေးအတွက် ဆိုပြီး Login Password , Admin Password တွေခံထား တတ်ကြ ပါတယ်။ အဲ့ဒီ Password တွေ မေ့သွားတတ်တာမျိုး အကြောင်းအမျိုးမျိုးကြောင့် Window Password ကို ကျော်လွှား ရမဲ့ အနေထားမျိုး ရောက်လာခဲ့ရင် ဒီ Software ၊လေးနဲ့ အလွယ်တကူ ဖျက်ပစ် (Reset) ကျော် လွှားနိုင်ပါတယ်။ Software လေးကို အောက်မှာ ၊ဒေါင်းယူပြီး .rar ဖိုင်လေးကို ဖြည်လိုက်ပါ.။ WPR v7.0.iso လေးကို CD/DVD (သို့) USB ထဲကို Bootable Burn ပြီး First Boot ကတဆင့် မိမိ ဖျက်ချင်တဲ့ Password တွေကို ဖျက်ပစ်နိုင်ပါတယ်။
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီ။ လင့် ၂ခု တင်းပေးထားပါတယ်။ ကြိုက်ရာလင့်မှာ ဒေါင်းနိုင်ပါပြီ။
Download Windows Password Remover 7.01

အားလုံးအဆင်ပြေပါစေ.......။

DriverPack Solution 14.6 R416 ISO (Window တင်ပြီးရင် လိုအပ်တဲ့ Driver တွေကို Offline Install နိုင်တဲ့ ဆော့ဝဲလ်)



ကျနော်တို့ ကွန်ပျူတာတွေမှာ Window တင်ပြီးရင် Driver တွေကို လူတိုင်းလိုအပ်ပါတယ်။ Driver မရှိသေးသူအတွက် DriverPack Solution 14 ကို ဆောင်ထားသင့်ပါတယ်။ Window တင်ပြီး အင်တာနက် လိုင်းမလိုပဲ Offline အသုံးပြုနိုင်မှာပါ။ ဒီနောက်ပိုင်း Laptop တွေမှာ Driver ခွေတွေ မပါလာတာတွေ အများကြီးတွေ့ရပါတယ်။ Destop အသုံးပြုတဲ့ သူတွေအတွက်လည်း အတူတူပါပဲ။ မိမိတို့ ကွန်ပျူတာမှာ Motherboard ခွေပျောက်သွားလို့ ပဲဖြစ်ဖြစ် Windows တင်ပြီးလို့ Driver လိုအပ်နေတယ် ဆိုရင် Driver Pack Solution လေးကို ဆောင်ထား လိုက်ယုံနဲ့ အဆင်ပြေသွားစေမှာပါ။

Format လို့မရသော Memory stick အပျက်တွေ ပြုပြင်နည်း



Format လို့မရသော Memory stick ပြဿနာ တခုကို လိုက်ရှာရင်း ဒီနည်းလေးတခုတွေ့လို့ပြန် ရှယ်ပေးလိုက်တာပါ။ ကျနော်ကိုယ်တိုင်ရေးတာတော့ဟုတ်ဘူးနော်။ ဒီတစ်ခါတော့လူသုံးလည်းများ အပျက် လည်းများ တဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက် ပါတယ်။ Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ 

AntiVirus စစ်ဆေးနည်း

မိစက်မှာ တင်ထားတဲ့ Antivirus ကောင်းကောင်း အလုပ်လုပ်လား မလုပ်လား စစ်ဆေးနည်း
ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်

ommand နဲ့ computer ရှိ autorun.inf နှင့် autorun virus သတ်ခြင်း

မိမိတို့ရဲ့ကွန်ပျူတာမှာ usb driverမှတဆင့် autorun virus တွေ မ၀င်ရောက်နိုင်ဖို့အတွက်
usb disk security လိုမျိုး solfware မျိုးတွေ အသုံးပြုပြီး ကာကွယ်တတ်ကြပါတယ်
ဒါပေမဲ့မိမိတို့ရဲ့စက်ကို autorun.inf virus ၀င်ရောက်သွားပြီ virus ကနေမိမိတို့ ကွန်ပျူတာရဲ့
systems ပိုင်းတွေကို ဖျက်ဆီးလိုက်ပြီးမိမိတို့ကွန်ပျူတာမှာ တင်ထားတဲ့ antivirus Solfware
တွေကလည်းအလုပ်မလုပ်တော့တဲ့အခါမှာ ရှိပြီးသားကိုဖြုတ်ပြီး အသစ်ပြန်တင်တဲ့အခါမှာ

မမြင်စေချင်သော Folderတွေကို Super Hiddenလုပ်ကြစို့

Super Hidden မလုပ်ခင်  ရိုးရိုး Hidden အရင်လုပ်ရပါမယ်
မိမိဖျောက်ထားလိုသော Folder ကို mouse က right click နိပ့် Properties နိပ့်ပြီး Hidden ကိုအမှန်ခြစ်select လုပ်ပေးပြီး applyပေး okလုပ်ပါ ပြီးရင် window toolbars ကstart ကိုနိပ့်ပြီး
computer  ကိုဖွင့်ပါ ပြီးရင် keyboard က ALT ကိုနိပ်ပြီး Tools ကိုနိပ့်ပြီး
folder options ကိုနိပ့်ပြီး view ထဲဝင်ပြီး Don't show hidden files , folder or drives ကို select ပေးလိုက်ရင်တော့မိမိ ဖျောက်ချင်သော folder ပျောက်သွားပါပြီ
ဖျောက်ထားသော folder ကိုပြန်ပေါ်စေချင်ရင်တော့ Don't show hidden file ,folder or drives အောက်က
show hidden file,folder and drives ကိုselect ပေးလိုက်ရင် ဖျောက်ထားသော folder ပြန်မြင်ရမှာပါ

Tuesday, September 29, 2015

Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း

Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း
==============================

Monday, July 28, 2014

MEMORY တိုးပြီးဘာကြောင့် မမြန်တာလည်း

 တခါတစ်လေ ကျနော်တို့ကွန်ပြူတာအလုပ်လုပ်နှေးလို့ မယ်မိုရီတိုးတယ် သို့သော် MEMORY တိုးပြီး ဘာကြောင့် မမြန်တာလည်းဆိုတာ အောက်ကအချက်လေးတွေ သတိပြု စစ်ဆေး ကြည့်စေ လိုပါတယ်။
• ပထမဆုံး ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Motherboard သည် RAM ဘယ်လောက်ထိ တိုးမြှင့်တာကို လက်ခံမယ် ဆိုတာ စစ်ဆေးပါ။ Motherboard ရဲ့ manual ကို ဖတ်ကြည့်ပါ။
• Motherboard ကို စစ်ရခက်ရင် 1.2 cache သည် memory ဘယ်လောက် ဆိုတာ ကြည့်ပါ။ ဥပမာ 1.2 Cache သည် 512MB ဖြစ်ရင် ၎င်း ကွန်ပျူတာမှာ ထည့်ရမယ့် RAM သည် 512 MB ဖြစ်ရပါမယ်။ လိုအပ်လို့ ထပ်တိုးချင်ရင် နှစ်ဆအထိ တိုးမြှင့်နိုင်ပါတယ်။
• တကယ်လို့ Motherboard မှာ socket ၄ခု ရှိရင် socket နှစ်ခု (တစ်စုံ) သည် channel A နဲ့ နောက်တစ်စုံသည် channel B ဖြစ်ပါတယ်။ အဲဒီမှာ 256 MB နှစ်ချောင်းတပ်မယ် ဆိုရင် channel B မှာ တပ်ရပါမယ်။ ဆိုလိုတာက 256 MB နဲ့ 512 MB တစ်စုံကို တွဲပြီး မတပ်သင့်ပါ။
• အဲဒီလိုပဲ socket ၄ခုမှာ နှစ်ချောင်းကို တပ်ရင် ပထမဆုံး socket ကစပြီး အစဉ်လိုက် တပ်ရပါမယ်။
• Socket ၂ခုမှာ 256 MB နဲ့ 512 MB ကို တွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်းတပ်ရပါမယ်။ ဥပမာ 256 MB နဲ့ 256 MB ဖြစ်သင့်ပါတယ်။



by Nl

Driver ရှာနည်း

Hardware ID ကို အသုံးပြုပြီး Driver ရှာနည်းလေးပါ။ အဲဒါလေးကတော့ ဒီလိုပါ။
  1. Device Manager ကနေ Missing Driver ဖြစ်နေတဲ့ Device ပေါ်မှာ Right Click နှိပ်ပြီး Properties ရွေးပါ။ 
  2. Dialog Box ပေါ်လာတဲ့အခါ Details ကိုနှိပ်ပါ။
  3. Property combox box ထဲက Hardware ID ကို ရွေးပါ။
အဲဒီအခါ အဲဒီ Device ရဲ့ Hardware ID တွေ ပေါ်လာပါလိမ့်မယ်။ နမူနာက ဒီလိုမျိုးပါ။

ဝင်ဒိုး 8 Activator အလိုရှိသူများအတွက်



 ဒီ ဝင်ဒိုး 8 Activator နဲ့တော အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော်လည်း ဒီဟာလေးနဲ့ပဲ လက်ရှိ ဝင်ဒိုး 8 တွေမှာ Activator လုပ်ပေးနေပါတယ်။ အလိုရှိသူများ အောက်က လင့်မှာ downloads ယူလိုက်ပါ။
ဝင်ဒိုး 8 Activator downloads links က ဒီမှာပါ

Monday, June 30, 2014

Feature အသစ်များနှင့် free MP3 downloader Songr 2.0

                                  MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် MP3 downloader software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos,  Kohit.net, Mp3000.net အစရှိသော နာမည်ကြီး MP3 search engine 16 ခုမှ Auto ရှာဖွေပေးပါတယ်။

ဓါတ်ပုံများကို Free Unlimited သိမ်းထားပေးသော Shutterfly Online Service


                          ဓါတ်ပုံများ သီးသန့် Upload လုပ်ခါ သိမ်းထားနိုင်ပြီး၊ ပုံအရေအတွက်၊ Size ပမာဏကို အဓိကမထားပဲ မူရင်း resolution အတိုင်း Unlimited သိမ်းထားပေးသော Free online service တစ်ခုပါ။ Shutterfly ဟာတကယ်တော့ online photo printing site တစ်ခုဖြစ်ပြီး၊ Free image uploading service ကတော့ Shutterfly ရဲ့ Service တွေထဲကတစ်ခုပဲဖြစ်ပါတယ်။

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။
Evernote တွင် သာမန် note application များထက် သာလွန် ကောင်းမွန်သည့် အချက်များမှာ-