Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Monday, July 28, 2014

Driver ရှာနည်း

Hardware ID ကို အသုံးပြုပြီး Driver ရှာနည်းလေးပါ။ အဲဒါလေးကတော့ ဒီလိုပါ။
  1. Device Manager ကနေ Missing Driver ဖြစ်နေတဲ့ Device ပေါ်မှာ Right Click နှိပ်ပြီး Properties ရွေးပါ။ 
  2. Dialog Box ပေါ်လာတဲ့အခါ Details ကိုနှိပ်ပါ။
  3. Property combox box ထဲက Hardware ID ကို ရွေးပါ။
အဲဒီအခါ အဲဒီ Device ရဲ့ Hardware ID တွေ ပေါ်လာပါလိမ့်မယ်။ နမူနာက ဒီလိုမျိုးပါ။

PCI\VEN_1969&DEV_1062&SUBSYS_E0001458&REV_C0

VEN က Vender ကို ပြောတာပါ။ DEV ကတော့ Device ID ကို ဆိုလိုတာပါ။ ကျွန်တော်မှန်းကြည့်သလောက် Manufacturer တွေအတွက် Vender နံပါတ်တွေ တစ်မျိုးချင်းစီ ရှိပုံရပါတယ်။ နမူနာမှာဆိုရင် Vendor နံပါတ်က 1969 ပါ။ 1969 ရဲ့ Manafacturer က Atheros ပါ။

ဒါဆိုရင်ရပါပြီ။ Google မှာ VEN_1969&DEV_1062 Driver ဆိုပြီး ရိုက်ထည့်ရှာလိုက်ရုံနဲ့ အဲဒီ Device ရဲ့ Driver တွေကို ရှာတွေ့ပါလိမ့်မယ်။ ဒီ Hardware ID ကြည့်တဲ့ နည်းလမ်းကို အသုံးပြုပြီး Device Manager က Unknown Device ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။ Unknown Device တစ်ခုရဲ့ Hardware ID ကို Google မှာ ရိုက်ထည့်ရှာ လိုက်ရုံနဲ့ သူဟာ ဘာ Device ဖြစ်တယ်ဆိုတာ အဖြေပေါ်သွားလိမ့်မယ်။

Driver ပြဿနာများကို ဖြေရှင်းနိုင်ကြပါစေ။

No comments:

Post a Comment