Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Wednesday, September 30, 2015

ommand နဲ့ computer ရှိ autorun.inf နှင့် autorun virus သတ်ခြင်း

မိမိတို့ရဲ့ကွန်ပျူတာမှာ usb driverမှတဆင့် autorun virus တွေ မ၀င်ရောက်နိုင်ဖို့အတွက်
usb disk security လိုမျိုး solfware မျိုးတွေ အသုံးပြုပြီး ကာကွယ်တတ်ကြပါတယ်
ဒါပေမဲ့မိမိတို့ရဲ့စက်ကို autorun.inf virus ၀င်ရောက်သွားပြီ virus ကနေမိမိတို့ ကွန်ပျူတာရဲ့
systems ပိုင်းတွေကို ဖျက်ဆီးလိုက်ပြီးမိမိတို့ကွန်ပျူတာမှာ တင်ထားတဲ့ antivirus Solfware
တွေကလည်းအလုပ်မလုပ်တော့တဲ့အခါမှာ ရှိပြီးသားကိုဖြုတ်ပြီး အသစ်ပြန်တင်တဲ့အခါမှာ

လက်မခံတော့ဘူးဆိုရင် autorun.inf နဲ့ တခြားautorun virus တွေကို သတ်ဖို့အတွက်
command prompt ကို အသုံးပြုတဲ့ နည်းလမ်းလေးကိုရေးပေးသွားပါမယ်
အရင်ဆုံးkeyboard မှ windows +R ကိုနိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ
ပြီးရင် Run Box ထဲမှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် command prompt လေးပေါ်လာပါလိမ့်မယ်။ပြီးရင် တော့ အောက်မှာဖော်ပြထားတဲ့
အဆင့်လေးတွေအတိုင်းရိုက်ထည့်ပေးသွားပါ။
1. အရင်ဆုံး cd\ လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
2.ပြီးရင် attrib -h -r -s autorun.inf ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
ဒါဆိုရင်တော့ autorun.inf virus ကို delete လုပ်ပေးသွားပါလိမ့်မယ်
တကယ်လို့မရှိဘူးဆိုရင် File not found-  autorun.inf လို့ပြပါလိမ့်မယ်
ပြီးရင်တော့တခြားDrive တွေ အားလုံး ကိုတခုချင်းစီရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ
ဥပမာ d: လို့ရိုက်ထည့်ပြီး D:\> လို့ပေါ်လာပြီဆိုရင်အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf
ကိုရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ ။ e: လို့ရိုက်ထည့်ရင် E:\> လို့ပေါ်လာပြီဆိုရင်အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf
ကိုရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ
မှတ်ချက်။ ။attrib နဲ့ -h -r -s  တွင် space ခြားပေးရပါမယ် -s နဲ့ autorun.inf ကိုလည်းspaceခြားပေးရပါမယ်
cd\ ဆိုရင် C:\>
d: ဆိုရင်  D:\>
e: ဆိုရင်  E:\>    ပြပါလိမ့်မယ်
မိမိတို့ကွန်ပျူတာမှာရှိတဲ့ Drive တွေအားလုံးကိုစစ်ပြီးပြီဆိုရင်တော့စက်ကို Restart ချပေးလိုက်ပါ
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ

No comments:

Post a Comment