Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Wednesday, June 25, 2014

အကောင်းဆုံး USB Stick Format ချနည်း

ကျွန်တော်တော့ ဒီနည်းလေးကို အကောင်းဆုံးလို့ထင်ပါတယ်။ တောင်းထားတဲ့ အစ်ကိုတစ်ယောက်လည်းရှိ
တာနဲ့အားလုံးအဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ထုတ်လို့ မရတော့တာမျိုး … Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် ........ ။
အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ 
  ….USB driver ကို NTFS နဲ့ Format ချနည်းလေးပါ .. .။


၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား … ။

၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ..ရောက်ရင် ညဘက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် …။အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။


၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။
·       ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
    “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
    အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။


·                            
၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။

၅။ အားလုံးပြီးရင် OK ပေါ့ ...။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် … ။

ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။
အားလုံးအဆင်ပြေကြပါစေ။


No comments:

Post a Comment