Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Wednesday, June 25, 2014

Windows 7 ကို ကိုယ်တိုင်တင်ရအောင်


မေး : “ ညို ” “Windows ကို ကိုယ်တိုင်တင်တတ်ချင်တယ် ..ဥပမာ  ခုဆိုရင် အိမ်ကစက်က  ဂိမ်းတွေဆော့ရင်းနဲ့ ခဏခဏ ကျကျသွားတယ် အဲဒါ ပုံးကြီးကို သယ်သယ်သွားရတယ် အဲလို မဟုတ်ပဲ ခဏခဏ ဆိုတော့ ကိုယ်တိုင်လုပ်တတ်ချင်တာ  ဘယ်မှာ လေ့လာပြီး လုပ်လို့၇မလဲ  ..”
 ကဲဗျာဒါကလွယ်ပါတယ်။ ကိုယ်တိုင် Windows 7 တင်ချင်သူအတွက် ကျွန်တော် တင်ပေးလိုက် ပါတယ်။ လိုချင်တဲ့ သူများအနေနဲ့ အောက်မှာ အဆင်ပြေတဲ့နေရာကနေ Download ချသွားလိုက်ပါ။ ကျွန်တော် နောက်ဆို မေးတဲ့လူနာမည်၊ G-Mail လိပ်စာပါ ရေးပေးသွားပါမယ်။
ကျွန်တော်အခု E-book လေးတင်ပေးလိုက်ပါတယ်။ အောက်မှာ Windows တင်ပြီး ဘာဆက်လုပ်သင့်လဲဆိုတာ ကိုေ၇းပေးသွားပါမယ်။

Windows Install ပြီးလုပ်သင့်သော အရာများ 
ကျွန်တော်တို့  Windows ကို  Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့  Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့  Windows  Back Up  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့  Windows  ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့  Windows  ကို  Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows
ဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Error
တွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..

Windows ကိုဘယ်လို  Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား

ပါတယ်..



Sound Problem
ဒါကတော့  Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး
ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်
ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..
Windows 7 အသုံးပြုနည်း
ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း
ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်.. 
 ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား
လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း
ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့
သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ

သွားလိမ့်မယ်လို့ထင်ပါတယ်..

No comments:

Post a Comment