Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Tuesday, June 24, 2014

အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft



Microsoft သည် ကုမ္ပဏီ၏ အခမဲ့ cloud ဝန်ဆောင်မှုကို အသုံးပြုသူများ အတွက် သိုလှောင်မှု ပမာဏ ကို နှစ်ဆတိုးမြှင့်ပေးခဲ့ပြီး အခပေး Office 365 သုံးစွဲသူများ အတွက်လည်း သိုလှောင်မှု ပမာဏ 1TB အထိ တိုးမြှင့်ပေးခဲ့သည်။

ထိုကဲ့သို့ အခမဲ့နှင့် အခပေး cloud ဝန်ဆောင်မှုများအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခဲ့ခြင်းသည် ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက် ဖိုင်များ၏ အရွယ်အစား ကြီးမားလာခြင်းကြောင့် ဖြစ်ကြောင်း ဆို သည်။

OneDrive cloud ဝန်ဆောင်မှုအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခြင်းသည် ဇူလိုင်လတွင် စတင် အသက်ဝင်မည်ဖြစ်သည်။ Microsoft သည် ယခင်က OneDrive အခမဲ့ဝန်ဆောင်မှု အတွက် 7GB သာ အထောက်အပံ့ ပေးထားပြီး Office 365 သုံးစွဲသူများအတွက် 20GB သာ ခွဲဝေ သတ်မှတ်ပေးထား သည်။ Office 365 Home ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူများသည် ၅ ဦးစာအတွက် တစ်လ လျှင် အမေရိကန်ဒေါ်လာ ၉.၉၉ ကျသင့်မည် ဖြစ်သည်။ သို့သော်လည်း သိုလှောင်မှု ပမာဏ 1TB ကို တစ်ဦး ချင်းစီတိုင်းက ရရှိမည်ဖြစ်သည်။

ယခုအပြောင်းအလဲကြောင့် Microsoft သည် အခမဲ့ သိုလှောင်မှုပမာဏ 15GB ပေးထားသည့် Google Drive ဝန်ဆောင်မှုနှင့် တူညီသွားပြီ ဖြစ်သည်။ အခြားသော cloud ဝန်ဆောင်မှုများတွင် Box က 10GB အခမဲ့ သိုလှောင် သိမ်းဆည်းခွင့် ပေးထားပြီး Dropbox တွင် 2GB အခမဲ့ သိမ်းဆည်းနိုင်သည်။

Microsoft OneDrive ဝန်ဆောင်မှုသည် လွန်ခဲ့သော ၂၆ လက SkyDrive အနေဖြင့် စတင်ခဲ့ခြင်း ဖြစ် သည်။


Ref: CNET Internet Journal

No comments:

Post a Comment