Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Tuesday, June 24, 2014

Window ကိုမြန်စေရန် SpeedUp ကြည့်ရအောင်


          အခုတလော ကျွန်တော့်အသိတွေရော ၊ mail ထဲမှာရော ပေါ်ပြူလာဖြစ်လာတဲ့ မေးခွန်းတစ်ခုက
တော့ စက် (Window) လေးနေလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော်လဲ တော်လွန်းလို့ ၊
သိလွန်းလို့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် Window မြန်စေမည့် အချက်လေးတွေကို ပြောပြပေး
ပါ့မယ်။ Beginner တွေအတွက် တစ်ချို့လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို Capture ဖမ်းပြီး ပုံလေး
တွေနဲ့ ရှင်းပြပေးထားပါတယ်။ ဘာဆော့ဖ်ဝဲမှ မသုံးပဲနဲ့ ကျွန်တော်တို့  Window ထဲမှာပါပြီးသား Tools
လေးတွေကို သုံးပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။ လိုအပ်တယ်ထင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ။
ပထမဆုံး Processor ကိုအမြင့်ဆုံးထားပြီး သုံးမယ်ဗျာ။ သူလဲ လူတွေလိုပဲပေါ့ ဦနှောက်တစ်လုံတည်း
အလုပ်လုပ်တာနဲ့ စာရင် ဦးနှောက်အများနဲ့ အလုပ်လုပ်တာ  ပိုမြန်တာပေါ့။ Start မှ Run ဒါမှမဟုတ်
Window key + R တွဲနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ပြီးရင် msconfig ရေးပြီး Ok (သို့) Enter
ခေါက်လိုက်ပါ။ အောက်က ပုံလေးတွေကို ကြည့်ပြီး ဆက်လိုက်ပါ...


  
            ဒုတိယ အနေနဲ့Advanced System Setting ထဲသွားပြီး Performance တွေကို  မိမိ
စိတ်ကြိုက်သွားပြင် လိုက်မယ်။အောက်က ပုံလေးတွေကို ဆက်ကြည့်ရအောင်....




   တတိယ အနေနဲ့ကတော့ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ ဆော့ဖ်ဝဲတွေကို Run လိုက်
ပြန်ပိတ်လိုက် ၊ ဟိုဖိုင် ဖွင့်လိုက် ၊ ဒီဖိုင် ရွေ့လိုက်နဲ့ အမှိုက်တွေ (error) တွေများလာတာ
မိမိကမသိပေမဲ့ စက်ကတော့ သိသိသာသာ လေးလာပါတယ်။ အဲဒီအမှိုက်တွေကို ရှင်းရ
အောင် start မှ Run (သို့) Window key + R နှိပ်ပြီး Run box ကိုခေါ်လိုက်ပါမယ်။ ပြီးရင်
temp ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်ပါမယ်။ အောက်ပုံလေးတွေကို ကြည့်ပြီး နံပါတ်
စဉ်အလိုက် သေချာလုပ်လိုက်ပါ....

 




  


  ပြီးရင် အပေါ်ကပုံစံအတိုင်းပဲ ဒီအောက်က Comment လေးတွေတစ်ခုချင်း ရိုက်ထည့်ပြီး တွေ့သမျှဖိုင်
တွေကို ရှင်းထုတ်ပေးလိုက်ပါ....

%temp%
prefetch
recent

နောက်တစ်ခုက ကျွန်တော်တို့ Windows logs တွေကို ရှင်းထုတ်ပြစ်ရပါ့မယ်။ သူတို့ကလဲ စက်
လေးစေတဲ့ တရားခံတွေထဲမှာပါပါတယ်။ start မှ computer ကို right click ထောက်ပြီး manage
ကို ကလစ်လိုက်ပါ။ ပြီးရင် အောက်ကပုံလေးတွေကို သေချာကြည့်ပြီး ရှင်းထုတ်လိုက်ပါဦး....



  

နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ Disk ကို သန့်ရှင်းရေးလုပ်မယ်။ ပြီးရင် ယူသုံးထားလို့
ဖရိုဖရဲ ဖြစ်နေတဲ့ ဖိုင်တွေကို စနစ်တကျပြန်စီမယ်။ Disk သန့်ရှင်းရေးလုပ်တော့ ဆော့ဖ်ဝဲတွေ
ထုတ်သုံးရတာမြန်မယ်။ ဖိုင်တွေ ပြန်စီထားတော့ Disk space နေရာအလွတ်ပိုထွက်လာပါတယ်။
အောက်ကပုံလေးတွေ ဆက်ကြည့်ရအောင်ဗျာ......

   




အောက်ကပုံကတော့ ဖိုင်တွေပြန်စစ်ပြီး ဖိုင်ပြန်စီဖို့အတွက်ပါ...


ကြည့်တဲ့သူတွေနားလည်နိုင်မလားတော့မသိဘူး။ ကျွန်တော်ကတော့ Capture ဖမ်းလိုက် စာရေးပြီး
ရှင်းလိုက် နဲ့ ကိုယ်တိုင်ကို မျက်စေ့တွေလည်သွားတာပဲ။ အတတ်နိုင်ဆုံတော့ သေချာရှင်းပြပေးထား
ပါတယ်။ နားမလည်တဲ့နေရာ ရှိနေရင် comment မှာဖြစ်စေ ၊ c box မှာဖြစ်စေ ၊ mail ပို့ပြီးဖြစ်စေ
မေးမြန်းနိုင်ပါတယ်။ ဒီအပိုင်းတွေလုပ်ပြီးရင်တော့ စက်ကလေး သိသိသာသာ ပေါ့လာပါလိမ်မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

No comments:

Post a Comment