Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Tuesday, June 24, 2014

Window တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် Rating

Reshare form LMM
        ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်
တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာ
တွေတွေ့ရပါတယ်။  သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိ
ဘူးပေါ့လေ။  System Ratingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်
တာတို့ ၊  Graphic Memory အလုပ်မလုပ်တာတို့ ၊  Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာ
တို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် System Rating ကို မဖြစ်မနေ လုပ်ပေးဖို့လို
အပ်ပါတယ်။ 
ခဏ ခဏလဲ လုပ်ပေးနေစရာမလိုတဲ့အတွက် လအနည်းငယ်ကြာမှ တစ်ခါလောက်ပြန်
ကြည့်ပေးပြီး Refresh ဆိုတဲ့စာကြောင်းလေးပေါ်လာမှ အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကို
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက System Rating လုပ်တော့မယ်ဆိုရင်  Battery Power  နဲ့မနိုင်တဲ့အတွက်  Charger  တပ်ထားပြီး  Charger  သွင်းနေရင်း  System Rating
လုပ်ရပါမယ်။ အဲဒါကိုတော့ အထူးသတိထားပေးပါ။ ပထမဆုံး မိမိစက် Rating လုပ်ပြီးပြီးလားဆိုတာ
သိရအောင်ကြည့်ဖို့အတွက် Computer ကို Right click ထောက်ပြီးအောက်ဆုံးက Properties 
ကို  Click လိုက်ပါ။  System rating is not available  ဆိုတဲ့စာကြောင်းရှိနေရင်တော့ မိမိစက်မှာ  
System Ratingမလုပ်ရသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ အောက်မှာ ကျွန်တော် Capture 
ဖမ်းပြီးရှင်းပြပေးထားပါတယ်။ ပုံသေးနေလို့မမြင်ရရင် ပုံကို Click ပြီးပုံအကြီးနဲ့ ကြည့်လိုက်ပါ။ မသိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။







No comments:

Post a Comment