Welcome To Karenni Center - Knowledge Re-share Blogger & Feel Free to Take things You want!!! Before you go through this blog, i first apology you because there are many weakness you will see. So Be patient and thanks

Monday, June 30, 2014

Feature အသစ်များနှင့် free MP3 downloader Songr 2.0

                                  MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် MP3 downloader software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos,  Kohit.net, Mp3000.net အစရှိသော နာမည်ကြီး MP3 search engine 16 ခုမှ Auto ရှာဖွေပေးပါတယ်။

ဓါတ်ပုံများကို Free Unlimited သိမ်းထားပေးသော Shutterfly Online Service


                          ဓါတ်ပုံများ သီးသန့် Upload လုပ်ခါ သိမ်းထားနိုင်ပြီး၊ ပုံအရေအတွက်၊ Size ပမာဏကို အဓိကမထားပဲ မူရင်း resolution အတိုင်း Unlimited သိမ်းထားပေးသော Free online service တစ်ခုပါ။ Shutterfly ဟာတကယ်တော့ online photo printing site တစ်ခုဖြစ်ပြီး၊ Free image uploading service ကတော့ Shutterfly ရဲ့ Service တွေထဲကတစ်ခုပဲဖြစ်ပါတယ်။

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။
Evernote တွင် သာမန် note application များထက် သာလွန် ကောင်းမွန်သည့် အချက်များမှာ- 

Online video ဆိုက်များစွာ မှ Video များကို HD quality ဖြင့် download လုပ်နိုင်သော Save2PC Ultimate 5.2.6.1429

                           Youtube, Facebook, Tangle, Godtube, Vimeo, Myspace, Break.com, Megavideo.com, TeacherTube, Blip.TV, DailyMotion စတဲ့ video ဆိုက်များစွာမှာ video များကို အကောင်းဆုံး အရည်အသွေးဖြင့် download လုပ်ပေးနိုင်မည့် Save2PC Ultimate နောက်ဆုံးထွက် version 5.2.6.1429 ပါ။ Internet download manager နှင့် real player ကဲ့သို့သော pop-up flash detector addon များကို အသုံးပြု၍  အွန်လိုင်း ဗွီဒီယိုများကို download လုပ်နိုင်သော်လည်း flash browser plug-in ၏ ရံဖန်ရံခါ crash ဖြစ်ခြင်း၊ browser update နှင့် flash ပူးတွဲသုံး၍ အဆင်မပြေခြင်းများကြောင့် အထက်တွင်ဖေါ်ပြခဲ့သော internet download manager နှင့် real player pop-up addon များမှာ တစ်ခါတစ်ရံ အလုပ်မလုပ်နိုင်ပါဘူး။

Portable device များတွင် Virus ကြောင့် hidden (သို့) invisible ဖြစ်သွားသော file/ folder များကို ပြန်လည်ရယူပုံ


                        USB Flash drive, Portable hard drive နဲ့ Memory card တွေထဲမှာရှိတဲ့ folder များဟာ virus ကြောင့် ပျောက်ကွယ်သွားခြင်း၊ hidden ဖြစ်ခါ folder icon လေးများ မှေးမှိန်နေခြင်း နဲ့ folder များဖွင့်မရတော့ပဲ executable file (.exe) များဖြစ်နေခြင်း တို့ ကြုံရတတ်ပါတယ်။ Portable ပစ္စည်းများဖြစ်သောကြောင့် စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ပြောင်းလဲ အသုံးပြုရာမှ virus များ ပြန့်ပွားကူးစက် လာရခြင်းဖြစ်ပါတယ်။ ၄င်း portable device များမှ data များကို ပြန်လည်ရယူဖို့အကောင်းဆုံး နည်းလမ်းကတော့ ပထမဦးစွာ device ကို virus defination update ပြုလုပ်ထားသော Microsoft security essential နှင့် အရင်ဆုံး scan ဖတ်ပါ။ ပြီးတဲ့နောက် virus လို့ယူဆတဲ့ exe file/ folder အားလုံးကို ဖြတ်ထုတ်သွားပါလိမ့်မယ်။ အဲဒီနောက်တော့ Fixxy လို့ခေါ်တဲ့ software ကို download လုပ်ပြီးနောက် အောက်မှာ ပြထားတဲ့ပုံအဆင့်အဆင့် အတိုင်း မိမိ device ကိုရွေးချယ်ခါ ပြန်လည် recover ပြုလုပ်နိုင်ပါတယ်။

ဘာကြောင့်usb stick ကို NTFS နဲ့ format ချသင့်လဲ

ဒီပို့စ်လေးကတော့သိထားပြီးသူများလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်မသိသေးသူးများသိရအောင် ပြန်တင်ပေးလိုက်

တာပါ..........း)
ကျွန်တော်တို့usb stick(memory stick) ကို ဆိုင်ကနေ ၀ယ်လာပြီးတော့ ကွန်ပျူတာမှာ format ချပြီးတော့သုံးကြတယ်..ပုံမှန်အားဖြင့်computer မှာ ပေါ်နေတဲ့usb stick ပေါ်မှာပဲ right click ထောက်ပြီးတော့ format ချတယ်ပေါ့ဗျာ..အဲလိုformat ချတဲ့အခါ fat32 နဲ့ default ပေးတာများပါတယ်..(fat32 နဲ့format ချလည်းရပါတယ်)ကျွန်တော်ကတော့ NTFS format နဲ့ ပြုလုပ်ပါတယ်..ဘာကြောင့်အဲလို ntfs နဲ့ format ချရသလဲဆိုတော့ ကျွန်တော်သိမ်းထားမဲ့ဖိုင် system တွေသည် new technology file system ဖြစ်သလို backwork compality လည်းဖြစ်ပါတယ် ဖိုင်system တွေကို ကျစ်ကျစ်လစ်လစ် သိမ်းဆည်းနိုင်ခြင်းအချို့ အချို့ သောဆော့ဝဲများသည် ဖိုင်system ခြင်းမတူလိုဖွင့်မရခြင်း မျိုးမှကင်းဝေးအောင်လို့ ပါပဲ စလိုက်ရအောင် ဘယ်လို လုပ်ရမလဲဆိုတာ.......

Wednesday, June 25, 2014

Windows 7 ကို ကိုယ်တိုင်တင်ရအောင်


မေး : “ ညို ” “Windows ကို ကိုယ်တိုင်တင်တတ်ချင်တယ် ..ဥပမာ  ခုဆိုရင် အိမ်ကစက်က  ဂိမ်းတွေဆော့ရင်းနဲ့ ခဏခဏ ကျကျသွားတယ် အဲဒါ ပုံးကြီးကို သယ်သယ်သွားရတယ် အဲလို မဟုတ်ပဲ ခဏခဏ ဆိုတော့ ကိုယ်တိုင်လုပ်တတ်ချင်တာ  ဘယ်မှာ လေ့လာပြီး လုပ်လို့၇မလဲ  ..”
 ကဲဗျာဒါကလွယ်ပါတယ်။ ကိုယ်တိုင် Windows 7 တင်ချင်သူအတွက် ကျွန်တော် တင်ပေးလိုက် ပါတယ်။ လိုချင်တဲ့ သူများအနေနဲ့ အောက်မှာ အဆင်ပြေတဲ့နေရာကနေ Download ချသွားလိုက်ပါ။ ကျွန်တော် နောက်ဆို မေးတဲ့လူနာမည်၊ G-Mail လိပ်စာပါ ရေးပေးသွားပါမယ်။
ကျွန်တော်အခု E-book လေးတင်ပေးလိုက်ပါတယ်။ အောက်မှာ Windows တင်ပြီး ဘာဆက်လုပ်သင့်လဲဆိုတာ ကိုေ၇းပေးသွားပါမယ်။

Yamicsoft Windows 7 Manager v3.0.5


ဒါကိုတော့ လူတိုင်းသိလောက်ပါတယ်။ နောက်ထွက်လာတဲ့ Update လေးမလို့ တင်ပေးလိုက်ပါတယ်။ Windows 7 သုံးနေကြတဲ့လူတိုင်း ဆောင်ထားသင့်တဲ့ Software လေးပါ။ Repair တွေမှာလဲ တော်တော်ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါတယ်။ နောက်ပြီး ကျွန်တော် English Blog လေးနဲ့ တွဲရေးနေပါတယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော် အလုပ်များတော့မှာပါ။ မေးထားတာလေးတွေကိုတော့ အတတ်နိုင်ဆုံး မြန်မြန်ဖြေပေးပါ့မယ်။ English လိုဖတ်ချင်သူများ လာလည်ခဲ့ပါ။ ပြောတာတောင်ဘယ်ရောက် သွားမှန်းသိဘူး။ :D တော်တော်ကောင်းပါတယ်။ ဒီ Software လေးကို သွင်းပြီးရင် Restore Point ကိုအရင်လုပ်ပါ။ အကြောင်းက Restore Point လုပ်ထားရင် မိမိစက် Virus, Maleware တွေကြောင့် Hard Driver တွေမှာပျောက်သွားရင်ဖြစ်ဖြစ်၊ ပြသာနာ တစ်ခုခုဖြစ်ရင်ပဲဖြစ်ဖြစ် မိမိခေါ်ထားတဲ့ Restore Point ကို ပြန်ခေါ်ပေးလိုက်ရုံနဲ့ နဂိုအတိုင်းပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်- ဒီနေ့ မှာ Restore Point လုပ်ထားတယ်။ မနက်ဖြန် အကြောင်းအမျိုးမျိုးကြောင့် Windows တစ်ခုခု ဖြစ်ရင် မနေ့က လုပ်ထားတဲ့ Restore Point ကို ပြန်ခေါ်လိုက်ရုံပါပဲ။ ဒါဆို မနေ့ကအတိုင်း ပြန်လည်ရရှိမှာပါ။ Windows စတင်တဲ့လူ၊ ပြန်တင်တဲ့လူတိုင်း အရင်ဆုံးလုပ်ထားသင့်တဲ့ အလုပ်တစ်ခုပါ။  တော်တော်အသုံးဝင်တဲ့ ကောင်လေးပါ။

Computer မှာ Driver တွေကို partition အလွယ်ပိုင်းမယ်။

ဒါကျွန်တော့်ကို မေလ်းထဲမှာတောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်။ Software ကတော့ မတင်ပေးတော့ပါဘူး။ ဘာ Software မှမလိုဘဲ Partition ကိုအလွယ်ကူဆုံး ပိုင်းကြတာပေါ့.......( တောင်းထားတာက Software
ပါ။ ကျွန်တော်  Software  မတင်ပေးတော့ပါဘူး။    ဒီနည်းလေးနဲ့အဆင်ပြေလောက်ပါတယ်။    ကျွန်တော်
ကိုယ်တိုင်စမ်းပြီးတင်ပေးလိုက်တာပါ။

အကောင်းဆုံး USB Stick Format ချနည်း

ကျွန်တော်တော့ ဒီနည်းလေးကို အကောင်းဆုံးလို့ထင်ပါတယ်။ တောင်းထားတဲ့ အစ်ကိုတစ်ယောက်လည်းရှိ
တာနဲ့အားလုံးအဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ထုတ်လို့ မရတော့တာမျိုး … Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် ........ ။
အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ 
  ….USB driver ကို NTFS နဲ့ Format ချနည်းလေးပါ .. .။

Computer ရဲ့အပူချိန်ကိုထိန်းရအောင်


ကွန်ပျူတာတွေကို ရေရှည်ခံနိုင်ဖို့အတွက် ဒါလေးကိုလူတိုင်း ဆောင်ထားသင့်ပါတယ်။ အခုကျွန်တော်တင်ပေးမယ့် Software လေးက ကျွန်တော်တို့ CPU ရဲ့ အပူချိန်လေးကိုထိန်းပေးတာပါ။ ကျွန်တော်လည်း Windows ပြန်တင်ရတော့ နည်းနည်းချင်း သတိထားပြီးလုပ်နေရတယ်။ ကျွန်တော်လေ့လာရသလောက် ကွန်ပျူတာတွေရဲ့ အပူချိန်ကို 60 လောက်မကျော်ရပါဘူး။ ကျော်သွားပြီဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် ကွန်ပျူတာရဲ့ သက်တမ်းကို လျှော့ချသလို ဖြစ်နေပါတယ်။ အထဲမှာ Fan ပါတယ်ဆိုပေမဲ့ အပူတွေကို သိပ်မလွှတ် ထုတ်ပေးနိုင်တော့ပါဘူး။ ကွန်ပျူတာတွေသုံးတာ 1 နှစ် ၊ 2 နှစ်လာက်ကြာရင် သိသာလာပါလိမ့်မယ်။ ERRO အမျိုးမျိုးလည်းပြနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလောက်ပဲသိသေးပါတယ်။ :D
Download Here

Desktop ပေါ်မှာ Shutdown၊ Restart Icon အလွယ်ထားမယ်။

လွယ်လွယ်ကူကူ သုံးချင်တဲ့လူတွေ အတွက်တော့ အရမ်းအသုံးဝင်ပါတယ်။ ဘာမှလည်း သိပ်မခက်ပါဘူး။ စလိုက်ရအောင်..........
၁။ အရင်ဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး New ထဲက Shortcut ကိုရွေးပါမယ်။ပြီးရင် Box တစ်ခုတက် လာပါမယ်။

ကွန်ပျူတာရဲ့ အလုပ်လုပ်နိုင်စွမ်းကိုမြင့်တင်မယ်

ဒီပိုစ့်လေးကတော့ ကျွန်တော်လည် RAM နည်းနည်းလေးရှိတဲ့ သူအတွက်ပါ
RAM နည်းတော့ ဘာတွေဖြစ်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ
ဟိုဖွင့်ဒီဖွင့်ဖြစ်လာရင် ကွန်ပျူတာက အ၀ိုင်းလေးလည်ပြိး ပညာပြချင်လာတယ်  
ဂိမ်းတွေကစားရင်လည်း ကောင်းခန်း ကျရင် စက်ကနည်းနည်ဟမ်းချင်လာတယ်
အဆိုးဆုံးကတော့ Face book သုံးတဲ့အခါ News Feed တက်လာတဲ့အခါ
Firefox အကြာကြီး ဟမ်းနေတတ်တယ်

Photo Calendar Maker

ဒီကောင်လေးက ပိုတိုကမ်လမ်ဒါ မိန်ကာလေးပါ (၂.၅၁)version ဖြစ်ပြီး တစ်ခါတည်း serial number ပါပါတယ် သုံးရတာ အဆင်ပြေတယ်

ဒီကောင်လေးက လွယ်လွယ်လေးနှင့် ပြက္ခဒိန် လုပ်လို့ ရတဲ့ software လေးပါ။ ဒေါင်းချင်ရင် အောက်မှာ လင့်လေး နိုပ်ပြီး ဒေါင်းလုတ်ယူနိုင်ပါတယ်။ အားလုံးဘဲ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်။
media fire unlock: freedownload

Tuesday, June 24, 2014

Shut down ချတာ မြန်စေချင်ရင်


တစ်ချို့ကွန်ပြူတာတွေမှာ Shut down ချတဲ့အခါ တော်တော်အမြင်ကက်ဖို့ ကောင်းလောက်
အောင်ကြာတတ်ပါတယ်။အဲလိုမဖြစ်ရအောင်Shutdownချတာမြန်ဆန်စေဖို့ အောက်ပါနည်း

(၂)နည်းနဲ့ ပြုပြင်နိုင်ပါတယ်။ သိပြီးသား သူတွေကတော့ ဒီနေရာလေးကို ကျော်သွားလိုက်ပါ။

Window တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် Rating

Reshare form LMM
        ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်
တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာ
တွေတွေ့ရပါတယ်။  သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိ
ဘူးပေါ့လေ။  System Ratingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်
တာတို့ ၊  Graphic Memory အလုပ်မလုပ်တာတို့ ၊  Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာ
တို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် System Rating ကို မဖြစ်မနေ လုပ်ပေးဖို့လို
အပ်ပါတယ်။ 

Window ကိုမြန်စေရန် SpeedUp ကြည့်ရအောင်


          အခုတလော ကျွန်တော့်အသိတွေရော ၊ mail ထဲမှာရော ပေါ်ပြူလာဖြစ်လာတဲ့ မေးခွန်းတစ်ခုက
တော့ စက် (Window) လေးနေလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော်လဲ တော်လွန်းလို့ ၊
သိလွန်းလို့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် Window မြန်စေမည့် အချက်လေးတွေကို ပြောပြပေး
ပါ့မယ်။ Beginner တွေအတွက် တစ်ချို့လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို Capture ဖမ်းပြီး ပုံလေး
တွေနဲ့ ရှင်းပြပေးထားပါတယ်။ ဘာဆော့ဖ်ဝဲမှ မသုံးပဲနဲ့ ကျွန်တော်တို့  Window ထဲမှာပါပြီးသား Tools
လေးတွေကို သုံးပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။ လိုအပ်တယ်ထင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ။

အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft



Microsoft သည် ကုမ္ပဏီ၏ အခမဲ့ cloud ဝန်ဆောင်မှုကို အသုံးပြုသူများ အတွက် သိုလှောင်မှု ပမာဏ ကို နှစ်ဆတိုးမြှင့်ပေးခဲ့ပြီး အခပေး Office 365 သုံးစွဲသူများ အတွက်လည်း သိုလှောင်မှု ပမာဏ 1TB အထိ တိုးမြှင့်ပေးခဲ့သည်။

ထိုကဲ့သို့ အခမဲ့နှင့် အခပေး cloud ဝန်ဆောင်မှုများအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခဲ့ခြင်းသည် ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက် ဖိုင်များ၏ အရွယ်အစား ကြီးမားလာခြင်းကြောင့် ဖြစ်ကြောင်း ဆို သည်။

OneDrive cloud ဝန်ဆောင်မှုအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခြင်းသည် ဇူလိုင်လတွင် စတင် အသက်ဝင်မည်ဖြစ်သည်။ Microsoft သည် ယခင်က OneDrive အခမဲ့ဝန်ဆောင်မှု အတွက် 7GB သာ အထောက်အပံ့ ပေးထားပြီး Office 365 သုံးစွဲသူများအတွက် 20GB သာ ခွဲဝေ သတ်မှတ်ပေးထား သည်။ Office 365 Home ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူများသည် ၅ ဦးစာအတွက် တစ်လ လျှင် အမေရိကန်ဒေါ်လာ ၉.၉၉ ကျသင့်မည် ဖြစ်သည်။ သို့သော်လည်း သိုလှောင်မှု ပမာဏ 1TB ကို တစ်ဦး ချင်းစီတိုင်းက ရရှိမည်ဖြစ်သည်။

ယခုအပြောင်းအလဲကြောင့် Microsoft သည် အခမဲ့ သိုလှောင်မှုပမာဏ 15GB ပေးထားသည့် Google Drive ဝန်ဆောင်မှုနှင့် တူညီသွားပြီ ဖြစ်သည်။ အခြားသော cloud ဝန်ဆောင်မှုများတွင် Box က 10GB အခမဲ့ သိုလှောင် သိမ်းဆည်းခွင့် ပေးထားပြီး Dropbox တွင် 2GB အခမဲ့ သိမ်းဆည်းနိုင်သည်။

Microsoft OneDrive ဝန်ဆောင်မှုသည် လွန်ခဲ့သော ၂၆ လက SkyDrive အနေဖြင့် စတင်ခဲ့ခြင်း ဖြစ် သည်။


Ref: CNET Internet Journal

ဝင်းဒိုး ကွန်ပျူတာမှာ နေရာလွတ်များရရှိစေမယ့် Built-In Tools ငါးခု





ကွန်ပြူတာ Hard Drive များရဲ့ သိုလှောင်နိုင်မှုပမာဏ ဟာ တစ်ဖြည်းဖြည်းများပြားလာပါတယ်။ လွန်ခဲ့ တဲ့ ဆယ်နှစ်တုန်းက 40GB ဟာ အများဆုံးလို့ ဆိုနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ 1TB ဟာ စံနှုန်း တစ် ခုဖြစ်လာပါပြီ။ ဒါပေမယ့်လည်း ကွန်ပြူတာမှာ နေရာလွတ်များ ကုန်ဆုံးသွားတဲ့ အခြေအနေတွေ ဖြစ်နေ ဆဲပါပဲ။ Applications များရဲ့ အရွယ်အစားဟာ ကြီးမားလာပါတယ်။ အထူးသဖြင့် ကွန်ပြူတာ အဟောင်း များနဲ့ Netbook များမှာ ဆိုရင် လျှင်မြန်စွာ နေရာကုန်ဆုံးစေပါတယ်။ Hard Drive မှာ နေရာလွတ်တွေ ကျန်ရှိနေတယ်ဆိုရင်တောင် မလိုအပ်တာတွေကို ရှင်းလင်းခြင်းဖြင့် ကွန်ပြူတာရဲ့ စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ ကွန်ပြူတာ မှာ မလိုအပ်တဲ့ အရာတွေကို ရှင်းပေးဖို့ အတွက် Built-In Tools ငါးခုကို အသုံးပြုနိုင်ပါတယ်။